တချို့ Facebook အသုံးပြုသူတွေဟာ ပင်တိုင်အသုံးပြုနေတဲ့ အကောင့်တစ်ခုအပြင် အကောင့်တု(အကောင့်ပုန်း)တွေကို ရည်ရွယ်ချက်ကိုယ်စီနဲ့ သီးခြားဖွင့်သုံးတတ်ကြပါတယ်။ အဲ့လိုအကောင့်တုတွေဖွင့်သုံးတဲ့အခါ ဖုန်းနံပါတ်အသစ်တစ်ခုသုံးရတာရှိသလို၊ ဖွင့်ပြီးသားဖုန်းနံပါတ်နဲ့ပဲ အကောင့်သစ်ပြန်ဖွင့်တတ်ကြပါတယ်။
အဲ့လိုသီးခြားအကောင့်တွေဖွင့်သုံးတဲ့အားနည်းချက်ကတော့ အကောင့်တခုစီရဲ့ password တွေပိုမှတ်ရတာ၊ ဖုန်းကဒ်တစ်ခုတည်းနဲ့ အကောင့်တွေအများကြီး ဖွင့်ထားတဲ့အခါ ကိုယ်ဝင်ချင်တဲ့ အကောင့်ကို ပြန်ဝင်သုံးလို့ အဆင်မပြေတာ၊ အကောင့်တခု ဖုန်းကဒ်တစ်ခုဖွင့်သုံးပြန်ရင်လည်း ကဒ်ပျောက်ရင် ဖွင့်ထားတဲ့ အကောင့်ပါ ဝင်လို့မရနိုင်တာမျိုး ကြုံရနိုင်ပါတယ်။
အခုတော့ Facebook အကောင့်ခွဲတွေဖွင့်သုံးရာမှာ အလွန်လွယ်ကူသွားပါပြီ။
လွန်ခဲ့တဲ့ 2023, 9လပိုင်း 21 နေ့က Facebook ဟာ အကောင့်တခုတည်းကနေ profile လေးခုအထိသုံးနိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ တနည်းအားဖြင့်ပြောရရင် လက်ရှိအသုံးပြုနေတဲ့ အကောင့်အပြင် နောက်ထပ်အကောင့်တု လေးခုကို သီးခြားဖုန်းနံပါတ်တွေနဲ့ ဖွင့်သုံးစရာမလိုဘဲ သုံးစေနိုင်သလိုမျိုးဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ Facebook အကောင့်တခုကို profile တခုပဲသုံးနိုင်ခဲ့ပေမဲ့ အခုတော့ ပင်မ profile အပြင် နောက်ထပ် profile လေးခုခွဲသုံးနိုင်မှာပါ။ Profile တခုစီဟာ ပင်မ profile နဲ့ သက်ဆိုင်ခြင်းမရှိဘဲ သီးခြားအမည်၊ သီးခြား settings တွေနဲ့ သုံးနိုင်မှာဖြစ်ပြီး သီးခြားအကောင့်သစ်ဖွင့်သုံးသလိုမျိုးသုံးနိုင်စေမှာဖြစ်တယ်။ ကောင်းကျိုးအနေနဲ့ကတော့ ခါတိုင်းလို နောက်အကောင့်တစ်ခုဝင်သုံးဖို့ လက်ရှိအကောင့်ကို sign out လုပ်စရာမလိုတော့သလို၊ အကောင့်တခုစီအတွက် သီးခြား password တွေလဲ အပိုမှတ်ထားစရာမလိုတော့ပါဘူး။
Profile အသစ်ဖွင့်ဖို့အတွက် Facebook app ရဲ့ Menu ကိုသွားပါ။ ပြီးရင် မိမိအကောင့်ရဲ့ Profile အမည်ရဲ့ အောက်မှာ Create new profile ကို နှိပ်ပါ။ ဒါဆိုရင် အကောင့်သစ်ဖွင့်တဲ့ ပုံစံအတိုင်း ဆက်လုပ်သွားရမှာဖြစ်ပါတယ်။ အကယ်၍ profile အမည်ရဲ့ အောက်မှာ create new profile မတွေ့ဘူးဆိုရင် ညာဘက်အစွန်က အောက်စိုက်မြှားပုံလေးကိုနှိပ်လိုက်ပါ။
အကယ်၍ အခက်အခဲရှိနေပါက ဝမ်းနိုင်းနိုင်း ဖုန်းပြုပြင်ရေးကို ကြွလှမ်းခဲ့ပါ။ အခမဲ့ ရှင်းပြသင်ပေးနိုင်ပါတယ်။




Comments
Post a Comment